r

..စမ်းသပ်ခြင်းဖြစ်နေလို့ သီးခံအကြံပေးကျပါခင်ဗျာ ချမ်းမြေ့ပါစေ


လာရောက်လည်ပတ်သူအားလုံးကိုဗေဒါအိုင်တီနည်းပညာစမ်းသပ် ခြင်းမှထူးကျေးဇူးတင်ရှိပါတယ်ခင် ဗျာ



glitter-graphics.com

วันอาทิตย์ที่ 11 พฤศจิกายน พ.ศ. 2555

လင့်တွေကို မောက်တင်တာနဲ့ မောက်ပုံစံပြောင်းစေတယ


အပေါ်ကမောက်ပုံလေးပါပဲ လင့်တွေထောက်ရင် မောက်ကအဲလက်ပြောင်းသွားမယ်ဗျာ
ကျွန်တော်ဆိုက်မှာထောက်ကြည့်နိင်ပါတယ်နော်
 လုပ်နည်းလေးကတော့
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ်
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5. ပေးထားသော  (သင်နှစ်သက်ရာ) ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ 
   ►6.ကွတ်မန်းလေးနဲ့အားပေးသွားပါနော်.... အဆင်ပြေကြပါစေ

 အပေါ်ကလတ်ရဲကုဒ်ကတော့
<style type="text/css">a:hover {cursor:url("http://fc04.deviantart.net/fs71/f/2010/094/d/6/Kalyan_hand_cursor_2_by_Zanten.gif"),default}</style> </div>


ကိုပိုင်ဖန်တီချင်ရင်ပေါ့ 
ကိုပိုင်ဖန်တီတယ်ဆိုတာကတော့ဘားမှမဟုတ်ပါဘူး အောက်လင့်ထည့်ရန်နေရာမှာ
မီမီတို့နှစ်သက်သာလေး ထည့်နိင်တာကိုပြောတာပါ
<style type="text/css">a:hover {cursor:url("URL ပုံလင့်လေးထည့်ရန်"),default}</style> </div>

မှတ်ချက်။ မြန်မာပြည်သား တိုင်းရင်းသားများ ၏ ဘာသာရေး၊ လူမှု့ရေး၊ အလှူအတန်း၊ မွေးနေ့၊ မ၈င်္လာပွဲများနှင့် ပွဲလမ်းသဘင်များ ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲများ ၊သာရေး၊ နာရေး ကိစ္စရပ်များအတွက် မိမိ၏Website တွင် ကြော်ငြှာ အဖြစ် ထည့်သွင်းဖေါ်ပြလိုပါက aunglaybc.blogspot.com@gmail.com သို့ ပေးပို့လာပါက ကြော်ငြှာများကို အခမဲ့ ဖေါ်ပြပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read more: http://aunglaybc.blogspot.com/2012/11/blog-post_7145.html#ixzz2Bv9MaMC1

วันเสาร์ที่ 10 พฤศจิกายน พ.ศ. 2555

ကိုယ်ပိုင်ရေဒီယိုပြုလုပ်ချင်သူများအတွက်...

.

မိတ်ဆွေများ မင်္ဂလာပါ....
အွန်လိုင်းနယ်ပယ်မှာ ဘလော့ပေါင်းမရေမတွက်နိုင်အောင်များပြားစွာရှိကြသည့်အနက်အချို့ မှာ လူသိများသကဲ့သို့ အချို့ မှာလူသိနည်းသည်များလည်းရှိသည်။အချို့ မှာ မိမိဘောလ့ာကိုလှပဝေဆာအောင် အပျော်သဘောမျိုးဖန်တီးလေ့ရှိကြသည်။ှ အချို့ ဘလော့များမှာဆို အင်တာနက်နယ်ပယ်တွင် တရားဝင်အွန်လိုင်းရေဒီယို ၉ ခုရှိသည့်အနက်မှ မိမိတို့နှစ်သက်သည့်တခုကို ထည့်သွင်းအသုံပြုတတ်ကြသည်။အချို့ မှာမူ မိမိကိုယ်ပိုင် အွန်လိုင်းရေဒီယိုစတေရှင် ထောင်ဖို့ ငွေကြေးနှင့်နည်းပညာအခက်ခဲများရှိကြ သည်။ထို့ ကြောင့် စိတ်ဆန္ဒရှိသော်လည်း ကိုယ်တိုင် မစွမ်းသဖြင့် တပါးသူအားအကူညီတောင်းသော်လည်း အခက်ခဲများရှိနေသဖြင့်စိတ်ညစ်နေသူများလည်းအများအပြားရှိကြပါတယ်။ထို့သူများအတွက် အခမဲ့ ကိုယ်ပိုင်ရေဒီယိုစတေရှင်ထောင်နိင်မည့် Radio Streaming website များကိုဖော်ပြပေးသွားပါမည်။ အကယ်လို့ အခမဲ့ ကိုသဘောမကျရင်လည်း အခကြေးငွေနဲနဲလေးလစဉ်ပေးရုံဖြင့် အွန်လိုင်းရေဒီယိုထောင့်နိုင်မည့်ဆိုက်ဒ်များကိုအောက်တွင်ဖော်ပြပေးသွားမည်။မိမိသည် Free account ပြုလုပ်ပြီးသည့်အခါ Window Media Player သို့မဟုတ် Winamp များတွင် Port and Password ထည့်ပြီး အလွယ်တကူ သီချင်းများလွှင့်နိုင်ပါသည်။မိမိတို့ ဘလော့အတွင့် Html Code များထည့်သွင့်ပြီး Radio Play Icon လေးထားပြီး သူငယ်ချင်းနှင့်စာဖတ်ပရိတ်သတ်များအပျင်းပြေနားဆင်နိုင်ရင် အတွက်ပြုလုပ်နိုင်ပါသည်။
Softwares တော်တော်များများကိုအခမဲ့ ရှာဖွေဒေါင်းနိုင်မည့်ဆိုက်ကတော့ ..ဒေါင်းရန်ဤနေရာမှာနှိပ်ပါ
Winamp ..ဒေါင်းရန်ဤနေရာမှာနှိပ်ပါ
Window Media Player ဒေါင်း၇န်ဤနေရာမှနှိပ်ပါ
မိမိအသုံးပြုနေသော Mozilla Firefox နှင့် Google Chrome တွင် သီချင်းသံများ အသံနှင့်ပတ်သက်သည်များမကြားရပါက "ဒီမှာဒေါင်းရန်"
ကဲ ရေဒီယိုStreaming Sever Web site တွေ ဆက်ပေးမယ်နော်. .အောက်မှာဒေါင်းပါ။
အခမဲ့အွန်လိုင်းရေဒီိယိုပြုလုပ်ရန် ဒီမှာ Free Account Website-1 & ဒီမှာ Web site -2 ဖွင့်ပါ။
ထို့နောက် Window Media Player or Winamp မှာ ထိုအကောင့် Control Pannel ထဲမှ Port and Password ဆိုတာကို ရှာပီးထည့်သုံးပါ။ အခကြေးငွေဖြင့်သုံးချင်ပါကလည်းလည် လစဉ်ဈေးနှုန်းနှင့်နားဆင်သူအရေအတွက်အလိုက် ဈေးနှုန်းများကိုအထက်ပါလင့်ခ်များတွင် နှိပ်ပြီးကြည့်နိုင်ပါသည်။ အခြားအခြားသော Free Radio Streaming Wesite များလည်းရှိပါသေးသည်။မိတ်ဆွေများအတွက်လူသုံးအများဆုံးနှင့် အလွယ်ကူဆုံး ဆိုက်ဒ် ၂ ခုကိုဖော်ပြပေးလိုက်ပါတယ်။နည်းပညာများ အခက်ခဲရှိနေသူများလည်းအလွယ်တကူသဘောပေါက်စေရန် အလွယ်ကူဆုံးဖော်ပြပေးထားပါသည်။အခက်ခဲများမရှိပဲ အဆင်ပြေနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်.....
ကျနော် DJ-Fighter Lay မှ MTS Online မှ တရားချစ်ဓမ္မမိတ်ဆွေများနှင့်တေးချစ်ပရိတ်သတ်များအားအစဉ်လေးစားလျှက် ......
DJ-Fighter Lay (MTS Creator)
(http://www.myittarshin.com/) (ရေဒီယိုနားဆင်ရန်)
http://173.255.137.7/MTS (ရေဒီယိုနားဆင်ရန်)
Email: mts4u@myittarshin.com(သီချင်းများကို Gtalk တွင်Invite လုပ်ပြီးတောင်းဆိုနားဆင်ရန်)
လစဉ်အထူးအစီစဉ်တခုပါ တွဲဖက်ဖော်ပြပေးလိုက်ပါသည်..အောက်တွင်ဖတ်ပါ။...=>>>>>
MTS Online Radio ၏ တေးချစ်ပရိတ်သတ်များအတွက် အထူးသတင်း။ *၂၉ ရက် မေလတွင် ပြုလုပ်ကျင်းပသည့် တရားတော်နှင့်အဖြေမှန် ဖြေကြားနိုင်သူအား အမေရိကန်ဒေါ်လာ၅၀ ပေးမည့်အခွင့်အရေးတွင် တေးချစ်ပရိတ်သတ်အချို့သာပါဝင်ပြီး သီချင်းများသာဖြေဆိုနိုင်ကြပြီး တရား၂ ပုဒ်နာမည်နှင့်ဆရာတော်ဘွဲ့ တော်နာမည်အားမဖြေဆိုနိုင်သည့်အတွက် ဆုရရှိသူမရှိခဲ့ပါဘူး။* ဇွန်လ၏နောက်ဆုံးအပတ်တွင်လည်း ဤကဲ့သို့ ပဟေဌိ သီချင်းနှင့်တရားတော်နာမည်များဆက်လက်မေးသည့် ဒေါ်လာ၅၀ ရရှိမည့်အခွင့်အလမ်းကိုဆက်လက်ပြုလုပ်သွားပါမည်။ ကျနော်၏ MTS Online Radio မှ Last Week of-Jun-2012တွင် အထူးအစီစဉ်လေးတခုပြုလုပ်သွားမည် ဖြစ်ပါသည်။ထိုအစီစဉ်သည် MTS Online Radio မှ သီချင်း ၃ ပုဒ်နှင့် တရား၂ ပုဒ်ကို အဖြေမှန်ကန်စွာဖြေဆိုရမည်ဖြစ်ပါသည်။ ကျနော် ကျော်မြတ်သူ( DJ-Fighter Lay )မှ သီချင်း ၃ ပုဒ်ဖွင့်ပြသည့်အခါမှန်ကန်စွာ သီချင်းနာမည်နှင့်အဆိုတော်။သီချင်းရေးသူ တို့ဖြစ်ပြီး။တရားတော် ၂ ပုဒ်ဖွင့်ပြသည့်အခါတွင်လည်း ထိုတရားတော်ဟောကြားသောဆရာတော်နှင့်တရားအမည်ကို မှန်ကန်စွာဖြေကြာပေးရမည်ဖြစ်သည်။ မေးခွန်း ၅ ခုအားမှန်ကန်စွာဖြေကြားနိုင်သူအား $ 50 ( ဒေါ်လာ ၅၀ ) ဆုချီးမြှင့်ပေးသွားမည်ပါသည်။ပထမဆုံးအဖြေမှန် ဖြေဆိုနိုင်သူ ၃ ဦးကိုသာရွေးချယ် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အဖြေဖြေဆိုချိန် စဉ်းစားချိန်မှာ မိနစ် ၂၀ ခန့်အချိန်အတွင်းဖြေဆိုးပေးရမည်ဖြစ်ပါသည်။

ဘယ်နေရာက လင့်တွေကိုဘဲ ကလစ်ကလစ် မော်ဆီလာနဲ့ ကျစေခြင်ရင်

ဘယ်နေရာက လင့်တွေကိုဘဲ ကလစ်ကလစ် မော်ဆီလာနဲ့ ကျစေခြင်ရင်


မိတ်ဆွေအပေါင်း မင်္ဂလာပါနော် ဒါလေးကတော့ Firefox လေးရဲ့ အမှတ်တမဲ့ ဖြစ်တတ်တဲ့ ပြသနာလေးတခုကို တင်ပြခြင်ပါတယ်.. ကျနော်တို့ gtalk ကဖြစ်ဖြစ် တခြား တနေရာကဘဲ ဖြစ်ဖြစ်ပေါ့ လင့်တွေကို ကလစ်တဲ့အခါမှာ... Firefox မှာတခါတည်း ၀င်မလာဘဲနဲ့ IE လို့ခေါ်တဲ့ အင်တာနက် အိပ်ပလိုယာ မှာသွားကျတတ်တာလေးရဲ့ ပြသနာပါ... ကျနော် ကိုယ်တွေ့ ကြောင့်လိုက်လံ ရှာဖွေ ကလိရင်းနဲ့ သည်နည်းလေးကို သိခဲ့ရပါတယ်...
သိထားသူတွေအတွက်တော့ ရီစရာ ပို့တခုဖြစ်နေမှာပါ...ကျနော့်လို မသိသေးတဲ့ သူများအတွက်ရည်ရွယ်ပါတယ်။
မသိတဲ့ မိတ်ဆွေများအတွက် အမှတ်တမဲ့ ပြသနာလေးရဲ့ အဖြေပေါ့နော်...
ကဲ စမယ်.. ပထမဆုံးအနေနဲ့ Firefox ရဲ့ Tool ကိုကလစ်ပါ
Option ကို ကလစ်ပါ... advance ကို ဆက်သွားပါ Advance ထဲက general ကိုဝင်ပါ...
အဲမှာ ပုံမှာပြထားတဲံအတိုင်းပေါ့...
Check Now ဆိုတာလေးကို ကလစ်လိုက်ပါ.... ဒါဆိုရင်... သည်လိုစာလေးကျလာမယ်နော်..
Firefox is already set as your default browserဒါဆို ကေကေပါဘဲ.... အဆင်မပြေရင် RESTART ပြန်ချပါ.

စိတ်ကြိုက် နောက်ခံ အရောင်လေးဖြင့် ပို့စ်တင်နည်း


အားလုံးပဲ မင်္ဂလာပါ။
          ထာဝရဆိုက်မှာ စာရေးတင်နေကြတဲ့ ဘလော့ဂါသူငယ်ချင်းများအနေနဲ့ ကိုယ့်ဘလော့ဂ်လေးရဲ့ နောက်ခံ အရောင်ကို ဆိုက်က အခုလက်ရှိ သတ်မှတ်ထားတဲ့ အဖြူရောင် နောက်ခံကို မနှစ်သက်လို့ ခပ်ဆန်းဆန်းလေး စိတ်ကြိုက်အရောင်နဲ့ တင်ချင်ပါတယ်ဆိုရင် HTML Code လေးတွေနဲ့ တင်နည်းလေးကို လက်ဆောင်ပေးချင်လို့ပါ။
          Blog Post အသစ်တင်မယ်ဆိုပြီး ဖွင့်လိုက်တာနဲ့  စာရေးရန် အကွက်ရဲ့ အထက်ညာဘက်ထောင့်မှာ Visual Mode ဆိုတာရယ်၊ HTML Editor ဆိုတာရယ်ကို တွေ့ပါလိမ့်မယ်။ မတွေ့လဲ တွေ့အောင်ရှာပါ။ ကျွန်တော်တို့ ဆိုက်မှာတော့ HTML Editor ကို အလိုလျောက် ပွင့်နေတာမို့ အထူးပြောင်းဖို့ မလိုပါဘူး။ HTML Editor ကို ကလစ်ထားလိုက်ရင် <p> ဆိုတာမျိုးလေးတွေ တွေ့ပါလိမ့်မယ်။ အဲဒီအခြေအနေမှာ ပို့စ်တွေ မရေးခင် အဲဒီအကွက်ထဲမှာ ဒီကုတ်လေးတွေ ရိုက်ထည့်လိုက်ပါ။
<div style="background:#FFF4C4; padding:5px 8px 5px 8px;">
အဲဒီကုတ်တွေ ရိုက်ထည့်ပြီးတာနဲ့ ကိုယ့်ရဲ့ ပို့စ်စာသားတွေ ရေးနိုင်ပါပြီ။ ပို့စ်အဆုံးမှာတော့
</div>
ဆိုတာလေးနဲ့ ပိတ်ပေးရမှာ ဖြစ်ပါတယ်။ အပေါ်က ကုတ်ထဲမှာ အနီရောင်နဲ့ပြထားတာက ကာလာအရောင် ကုတ်ပါ။ သူငယ်ချင်းတို့ လိုချင်တဲ့ နောက်ခံအရောင်တွေကို ဒီပို့စ်ရဲ့ အောက်မှာ အရောင်ပေါ်မှာ ကုတ်တွေနှင့်တကွ ကျွန်တော် ပြထားပါတယ်။ သက်ဆိုင်ရာ အရောင်ပေါ်က ကုတ်ကို အဲဒီနေရာမှာ အစားထိုးရုံပါပဲ။ ဒီတော့ အလွယ်ကူဆုံးဖြစ်သွားအောင် ကျွန်တော် ပေးထားတဲ့တိုင်း ကူးပြီးတော့ ထည့်ကြည့်ပါ။ အဖွင့်အပိတ် စုံတာနဲ့ Visual Mode ကို ကလစ်ကြည့်ပါ။ နောက်ခံအရောင်လေးနဲ့ ပြနေတာကို မြင်ရပါလိမ့်မယ်။ 
          အဲဒီတော့ ပြောနေကြာတယ်။ အောက်မှာ အဆင်သင့် ကူးထည့်လိုက်။ ရော့ ကုတ်။ အင့် ... အခုစမ်း
<div style="background:#FFF4C4; padding:5px 8px 5px 8px;">
ပို့စ်စာသား </div>
=============================================================
စိတ်ကြိုက်ရွေးနိုင်ရန် နမူနာအရောင်ကုတ်များး
 #F0F8FF
#FAEBD7
 #00FFFF
#7FFFD4
#F0FFFF
#F5F5DC
#FFF4C4
#000000
#FFFBCD
#0000FF
#8A2BE2
A52A2A
#DEB887
#5F9EA0
#7FFF00
#D2691E
#FF7F50
#6495ED
#FFF8DC
#DC143C
#00FFFF
#00008B
#008B8B
#B8860B
#A9A9A9
#006400
#BDB76B
#8B008B
#556B2F
#FF8C00
#9932CC
#8B0000
#E9967A
#8FBC8F
#433D8B
#2F4F4F
#00CED1
#9400D3
#FF1493
#00BFFF
#696969
#1E90FF
#B22222
#FFFAF0
#228B22
#FF00FF
#DCDCDC
#F8F8FF
#FFD700
#DAA520
#808080
#008000
#ADFF2F
#F0FFF0
#FF69B4
#F0F8FF
#4B0082
#FFFFF0
#F0E68C
#E6E6FA
#FFF0F5
#7CFC00
#FFFACD
#ADD8E6
#F08080
#E0FFFF
#FAFAD2
#90EE90
#D3D3D3
#FFB6C1
#FFA07A
#20B2AA
#87CEFA
#778899
#B0C4DE
#FFFFF0
#00FF00
#32CD32
#FAF0E6
#FF00FF
#800000
#66CDAA
#0000CD
#BA55D3
#9370DB
#3CB371
#7B68EE
#00FA9A
#48D1CC
#C71585
#191970
#F5FFFA
#FFE4E1
#FFE4B5
#FFDEAD
#000080
#FDF5E6
#808000
#6B8E23
#FFA500
#FF4500
#DA70D6
#EEE8AA
#98FB98
#AFEEEE
#DB7093
#FFEFD5
#FFDAB9
#CD853F
#FFC0CB
#DDA0DD
#B0E0E6
#800080
#FF0000
#BC8F8F
#4169E1
#8B4513
#FA8072
#F4A460
#2E8B57
#F0F8FF
#A0522D
#C0C0C0
#87CEEB
#6A5ACD
#708090
#FFFAFA
#00FF7F
#4682B4
#D2B48C
#008080
#D8BFD8
#FF6347
#40E0D0
#EE82EE
#F5DEB3
#FFFFFF
#F0F8FF
#FFFF00
#9ACD32
Views: 135

Photoshop အခြေခံသင်ခန်းစာ(၄)


Photoshop သင်ခန်းစာများကို လေ့လာတဲ့အခါမှာ အဓိကကျတဲ့ Layer အကြောင်း မသိလို့ မဖြစ်ပါဘူး။ ဒါ့ကြောင့် အခု သင်ခန်းစာမှာ Layer နဲ့ အလုပ်လုပ်ပုံကို အဓိကထားပြီး တင်ပြပေးသွားပါမယ်။ Layer ဆိုတာ အလွှာ၊ အထပ် လို့ အဓိပ္ပါယ်ရပါတယ်။ Photoshop Software ကို သုံးတဲ့အခါမှာ ဘယ် Version မဆို Layer ရဲ့ အခန်းကဏ္ဍက လုပ်ဆောင်ပုံချင်းအတူတူပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို သင်ခန်းစာလေးတွေကို တင်ပြတဲ့အခါ မှီငြမ်း ကိုးကားပြီးတင်ပြရတာရှိသလို ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ တင်ပြရတဲ့အခါလည်း ရှိပါတယ်။ အခုသင်ခန်းစာကတော့ ကိုယ်ပိုင် စိတ်ကူးလေးနဲ့ ဖန်တီးတင်ပြပေးထားခြင်း ဖြစ်ပါတယ်။ သင်တန်းကျောင်းတွေ မှာ မတက်ဖြစ်တဲ့သူ၊ တက်ဖို့ရာအဆင်မပြေတဲ့သူ၊ အချိန်မပေးနိုင်တဲ့သူတွေအတွက် လက်တွေ့လုပ်ဆောင် နိုင်အောင် အတတ်နိုင်ဆုံး စီစဉ်တင်ပြပေးသွားပါမယ်။ လိုအပ်ချက်များရှိခဲ့မယ်ဆိုရင်လည်း အားမနာတမ်း ဝေဖန် ထောက်ပြပေးပါလို့ တောင်းဆိုလိုပါတယ်။ ကျွန်တော့်သင်ခန်းစာတွေက အခြေခံမရှိတဲ့သူတွေကို အထူးရည်ရွယ် ရေးသားတာဖြစ်တဲ့အတွက် Professional သမားတွေအတွက်တော့ ကလေးကစားသလိုဖြစ်နေရင်ဖြစ်နေမှာပါ။
အခုသင်ခန်းစာအတွက် အောက်မှာ ဖော်ပြထားတဲ့ ပုံ (၄)ပုံကို အခြေခံပြီး Layer သင်ခန်းစာကို တင်ပြပေးပါမယ်။ ဒီပုံ(၄)ပုံကို သင့်ရဲ့ ကွန်ပျူတာထဲကို Save လုပ်ပြီး လေ့ကျင့်နိုင်ပါတယ်။

ပုံ(၁)

ပုံ(၂)


ပုံ(၃)

ပုံ(၄)
အခု ဖော်ပြထားတဲ့ပုံလေးပုံကို Layer သုံးပြီး အောက်ပါ ပုံအတိုင်း ရရှိသည်အထိ ပေါင်းစပ် ဖန်တီးပါမယ်-

အဆင့်(၁)
Adobe Photoshop ထဲကို အရင်ဝင်လိုက်ပါ။
Layer Palette မတွေ့ရင် Window menu က Layers ကိုရွေးပါ။ ဒါမှ မဟုတ် F7 ကို နှိပ်နိုင်ပါတယ်။

အောက်မှာ ပြထားတဲ့အတိုင်း Layer Palette ပေါ်လာပါမယ်-

အဆင့်(၂)
သင့်စက်ထဲကို ကူးထားတဲ့ ပုံအမှတ်(၁)ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါမယ်-

Layer Palette မှာ ကြည့်ပါ။ Background အမည်နဲ့ Layer တစ်ခုပေါ်နေမယ်။ ညာဖက်မှာတော့ သော့ပုံလေးတွေ့ ရမယ်။
အဆင့်(၃)
Layer Palette က Background ပေါ်မှာ Double Click လုပ်ပါ။

အထက်မှာ ပြထားတဲ့ပုံအတိုင်း New Layer ပေါ်လာပါမယ်။ Layer 0 နေရာမှာ Lady လို့ ရိုက်ပါ။

OK ကို Click လုပ်လိုက်ရင် Layer Palette မှာ Lady လို့ အမည်ပြောင်းသွားပြီး သော့ပုံလေး ပျောက်သွားပါမယ်။

အဆင့်(၄)
ပုံ(၂)ကို ဖွင့်ပါ။ အောက်ပါအတိုင်းတွေ့ရပါမယ်-

Ctrl + A ကိုနှိပ်ပြီး Select All လုပ်ပါ။
Ctrl + C ကိုနှိပ်ပြီး Copy လုပ်ပါ။
Ctrl + W ကိုနှိပ်ပြီ ပုံ(၂)ကို ပိတ်ပါ။
Ctrl + V ကိုနှိပ်ပြီး Paste လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ရပါမယ်။ Layer Palette ကိုကြည့်ပါ။

Layer 1 ဆိုပြီး Layer အသစ်တစ်ခု ပေါ်လာပါမယ်။ Layer 1 ကို Double Click လုပ်ပြီး Heart လို့ အမည်ပြောင်း လိုက်ပါ။ Enter ခေါက်ပါ။

အဆင့်(၅)
Tool box က Magic Wand tool(W) ကိုရွေးပါ။

အသည်းပုံဘေးက အဖြူရောင်ပေါ်မှာ Click လုပ်ပါ။ အောက်ပါအတိုင်း Select ဖြစ်သွားပါမယ်-

Keyboard က Delete Key ကို နှိပ်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-

အဆင့်(၆)
ပုံ(၃)ကို ဖွင့်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်-

Ctrl + A ကိုနှိပ်ပြီး Select All လုပ်ပါ။
Ctrl + C ကိုနှိပ်ပြီး Copy လုပ်ပါ။
Ctrl + W ကိုနှိပ်ပြီ ပုံ(၃)ကို ပိတ်ပါ။
Ctrl + V ကိုနှိပ်ပြီး Paste လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ရပါမယ်။ Layer Palette ကိုကြည့်ပါ။

Heart Layer ပေါ်မှာ Layer 1 ကို တွေ့ရပါမယ်။ Layer 1 ကို Double Click လုပ်ပြီး Text လို့ စာရိုက်ပါ။ Enter ခေါက်ပါ။

အဆင့်(၇)
Tool box က Magic Wand tool(W) ကိုရွေးပါ။
SMILE LADY ဘေးက အဖြူရောင်ပေါ်မှာ Click လုပ်ပါ။ အောက်ပါအတိုင်း Select ဖြစ်သွားပါမယ်-

Keyboard က Delete Key ကို နှိပ်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-

စာထဲက အဖြူရောင် ကျန်နေတဲ့နေရာတွေကို Click လုပ် ပြီး Delete ထပ်လုပ်ပါ။ စာထဲက အဖြူရောင်အားလုံး ကုန်သွားတဲ့အထိ လုပ်ပေးပါ။
Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။

အဆင့်(၈)
Tool box က Move tool(V) ကိုရွေးပါ။

Keyboard က Down Arrow ကို ဆက်တိုက်နှိပ်သွားပြီး SMILE LADY ဆိုတဲ့စာကို ပုံမှာ ပြထားတဲ့ နေရာရောက်အောင် အောက်သို့ရွှေ့ပါ။

အဆင့်(၉)
ပုံ(၄)ကို ဖွင့်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-

Ctrl + A ကိုနှိပ်ပြီး Select All လုပ်ပါ။
Ctrl + C ကိုနှိပ်ပြီး Copy လုပ်ပါ။
Ctrl + W ကိုနှိပ်ပြီ ပုံ(၄)ကို ပိတ်ပါ။
Ctrl + V ကိုနှိပ်ပြီး Paste လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ရပါမယ်။ Layer Palette ကိုကြည့်ပါ။

Text Layer ပေါ်မှာ Layer 1 ကို တွေ့ရပါမယ်။ Layer 1 ကို Double Click လုပ်ပြီး Padauk လို့ စာရိုက်ပါ။ Enter ခေါက်ပါ။

အဆင့်(၁၀)
Layer Palette ထဲက Padauk Layer ကို Lady Layer အောက်ကို ဆွဲချလိုက်ပါ။ အောက်ပါအတိုင်း မြင်တွေ့ ရပါမယ်။

အဆင့်(၁၁)
Layer Palette ထဲက Lady Layer ကို Click လုပ်ပါ။

Tool box က Magic Wand tool(W) ကိုရွေးပါ။
အမျိုးသမီး ပုံ ရှေ့က အဖြူရောင်ပေါ်မှာ Click လုပ်ပါ။ အောက်ပါအတိုင်း Select ဖြစ်သွားပါမယ်-

Keyboard က Delete Key ကို နှိပ်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-

အမျိုးသမီးနောက်က အဖြူရောင် ကျန်နေတဲ့နေရာတွေကို Click လုပ် ပြီး Delete ထပ်လုပ်ပါ။ အဖြူရောင်အားလုံး ကုန်သွားတဲ့အထိ လုပ်ပေးပါ။
Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။

အဆင့်(၁၂)
Lady Layer ကို Heart Layer အပေါ်ကို ဆွဲတင်လိုက်ပါ။

အခု ဆိုရင် လိုအပ်တဲ့ ဒီဇိုင်းတစ်ခုကို ဖန်တီးလို့ပြီးပါပြီ။

ဒီသင်ခန်းစာမှာ Layer ကို အဓိကထားပြီး ရှင်းလင်းသွားတာဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ အနေအထား အတိုင်း ပုံတွေကို အဆင့်ဆင့်နေရာချသွားရင်လဲဖြစ်ပါတယ်။ ဒါပေမယ့် Layer သဘောတရားကို သိနားလည်စေချင်တဲ့ အတွက် အဆင့်ဆင့် ဆောင်ရွက်ပုံတွေကို တင်ပြသွားခြင်းဖြစ်ပါတယ်။
နည်းပညာကြွယ်ဝနိုင်ပါစေ။

သင့်ရဲ့ အသံကိုပြောင်းမယ်

ကိုယ် ပြောလိုက်တဲ့ အသံကို ပြောင်းပေးဖို့လေဗျာ။ မိန်းကလေးအသံ၊ ကလေးအသံ၊ ယောကျာင်္းလေးအသံ၊ သရဲအသံ၊ ခွေးအသံ၊ (သို့မဟုတ်) မိမိလိုချင်တဲ့အသံတွေကို စိတ်ကြိုက်ပြောင်းလို့ရတယ်။ နောက်ခံအသံတွေ
အနေနဲ့လည်း မြို့ထဲက ကားဟွန်းသံတွေလိုမျိုး ကြိုက်သလိုထည့်လို့ရတယ်။
ဘယ်လိုသုံးမလဲ ဆိုတော့ … ကွန်ပျူမှာသုံးရင်တော့ chatting တွေ နဲ့
ဖုန်းဆက်ဖို့အတွက် သုံးလို့ရသလို၊ သီချင်းသမားတွေအတွက်လည်း အသုံးဝင်ပါတယ်။
နောက်ခံကားသံတွေထည့်ပြီး ‘ချစ်ရေ .. ကိုယ် မြို့ထဲရောက်နေလို့ကွာ’ ပေါ့ ။
း)
ဖုန်းထဲမှာသုံးတဲ့ program လည်း ထည့်ပေးထားပါတယ်။ ယောက္ခမ က
ယောကျာင်္းလေးသံနဲ့ဆို မခေါ်ပေးတာမျိုး ရှိခဲ့ရင်ပေါ့လေ။ အနည်းဆုံးတော့
အပျော်သဘောအနေနဲ့ သုံးလို့ရတယ်လေ။ အပျော်ပေါ့ဗျာ … စမ်းကြည့်ပါဦး။


PC အတွက်ရော၊ mobile အတွက်ရော ပေးထားပါတယ်။ ဒေါင်းနိုင်တဲ့ နေရာကတော့
mediafire တစ်နေရာပဲ ပေးထားလိုက်တော့မယ်ဗျာ။ အဆင်ပြေသလိုသာ
ကြိုးစားပေတော့။ katz.cd မှာဆိုရင်လည်း အခြားသော hosting မျိုးစုံက
တင်ပေးထားပါတယ်။ ကွင်းနဲ့ရေးပေးထားတဲ့ နာမည်ကိုသာ search ထဲ ထည့်ရှာလိုက်။
ပေါမှပေါပဲ။
ဒေါင်းလုပ် Voice changer for PC (MorphVOX_Pro_4.3.3) ဒီကောင့်ထဲမှာ crack ကို folder နဲ့ ထည့်ပေးထားတယ်။ replace ပေးရမယ့် crack ပါဗျာ။ install လုပ်ပြီး ဖွင့်ကြည့်ဗျာ။ ပထမဆုံး profile တစ်ခု
ဆောက်ခိုင်းလိမ့်မယ်။ နာမည်လေးထည့်ပြီး next တွေနှိပ် စပေးလိုက်။ ပြီးရင်
သုံးချင်တဲ့ အသံကို ရွေးပေးလို့ရသလို adjust လုပ်ပြီး ပြင်လို့လည်းရတယ်။
ဒီအသံကို gtalk ကဲ့သို့သော im တွေမှာလည်း ဖြစ်ဖို့ကိုတော့ Settings ရဲ့
Default system Microphone ဆိုတာကို check ပေးလိုက်ဖို့ လိုပါတယ်။ Vista
နဲ့ windows 7 မှာဆိုရင်တော့ လက်ရှိသုံးနေတဲ့ mic ကို အမှတ်ခြစ် (default)
ပေးထားပြီး၊ Bee audio ဆိုတဲ့ mic ကလည်း စကားပြောလိုက်ရင် အတုံးလေးတွေ
လိုက်တက်ရမယ်။ ဒါဆိုရင် ဘယ်မှာပဲ သုံးသုံး ကိုယ်ပြင်ထားတဲ့အသံ ထွက်ပြီပဲ။
အောက်ကပုံတွေကို နှိပ်ကြည့်လိုက်ပါ။

mobile အတွက် တင်ပေးထားတဲ့ voice changer sis ဖိုင်လေးက အဆင်မပြေကြဘူးထင်တယ်။ ကျနော်လည်း mobile အတွက်ကို မစမ်းလိုက်မိဘူး။ အသစ်ပြန်တင်ပေးလိုက်ပါတယ်။
ဒေါင်းလုပ် Voice changer for Mobile
for windows mobile
for Series 60 mobile phones
ဒီလိုမျိုး headphone voice changer တွေလည်း ရှိသေးတယ်ဗျ။ ဒါနဲ့ဆို ဖုန်းအမျိုးအစားတွေ၊ software တွေ စဉ်းစားစရာ မလိုတော့ဘူးပေါ့။

ကွန်ပျူတာ မြန်ဆန်စေချင်ရင်...

ကွန်ပျူတာ သုံးစွဲရာတွင်
ပိုမိုမြန်ဆန်စေရန် အတွက် အောက်ပါ နည်းလမ်း နှစ်ခုကို လုပ်ဆောင်ပါ။
အတိုင်းအတာ တစ်ခုအထိ မြန်ဆန်လာမှာ ဖြစ်ပါတယ်။

နည်းလမ်း(၁)

၁)
Start မှ Run
ကို ဖွင့်ပါ။
၂) regedit ကို
ရိုက်ဖွင့်ပါ။ ပွင့်လာပါက HKEY_CURRENT_USER
> Control > Desktop
ကို Select မှတ်ပါ။ ညာဘက်တွင် MenuShowDelay ကို Select မှတ်ပြီး Double Click လုပ်ပါ။ Value data တွင် 0 ပေးလိုက်ပါ။


နည်းလမ်း(၂)

၁) Start မှ Run ကို ဖွင့်ပါ။
၂) system.ini ကို ရိုက်ဖွင့်ပါ။
အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။


၃) အောက်ဆုံးတွင် ယခု page buffer=100000kbps
load=100000kbps
Download=100000kbps save=100000kbps back=100000kb
စာသားကို Copy ကူးထည့်လိုက်ပါ။
၎) ပြီးလျှင် Save လုပ်ပြီး စက်ကို
Restart လုပ်လိုက်ပါ။
စက်ပိုမို မြန်ဆန်လာမည်ကို သိရှိလာပါလိမ့်မယ်။