တစ်ချို့ကွန်ပြူတာတွေမှာ Shut down ချတဲ့အခါ တော်တော်အမြင်ကက်ဖို့ ကောင်းလောက်
အောင်ကြာတတ်ပါတယ်။အဲလိုမဖြစ်ရအောင်Shutdownချတာမြန်ဆန်စေဖို့ အောက်ပါနည်း
(၂)နည်းနဲ့ ပြုပြင်နိုင်ပါတယ်။ သိပြီးသား သူတွေကတော့ ဒီနေရာလေးကို ကျော်သွားလိုက်ပါ။
နည်းလမ်း(၁)
၁) Star မှ Run (သို့) Winkey+R ကိုနှိပ်ပါ။
၂) regedit ရိုက်ထည့်ပြီး OK (သို့) Enter ခေါက်လိုက်ပါ။
၃) Registry Editor ဘောက်(စ်)ပွင့်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားလိုက်ပါ။
HEKY_LOCAL_MACHIN > SYSTEM > Current ControlSet > Control ကို
Click လိုက်ပါ။ ညာဘက်တွင် WaitToKillServiceTimeout ဆိုတာ ရှိပါတယ်။
Double Click နှိပ်ပြီး ပေါ်လာပါက 2000 ကို 200 ပြင်လိုက်ပါ။ အတိုင်းအတာတစ်ခုထိ စက်ပိတ်ရာတွင် မြန်ပါလိမ့်မည်။
နည်းလမ်း (၂)
၁) Star မှ Run (သို့) Winkey+R ကိုနှိပ်ပါ။
၂) regedit ရိုက်ထည့်ပြီး OK (သို့) Enter ခေါက်လိုက်ပါ။
၃) Registry Editor ဘောက်(စ်)ပွင့်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားလိုက်ပါ။
HKEY_CURRENT_USER > Control Panel > Desktop ကို Click လိုက်ပါ။
ညာဘက်တွင် HungAppTimeout ကို ရှာပြီး Double Click လုပ်ပါ။
Valu Data တွင် 1000 ရိုက်ထည့်ပါ။
၎) ပြီးလျှင် WaitToKillAppTimeout ကိုလဲ အပေါ်နည်းအတိုင်း 1000 ရိုက်ထည့်ပါ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ
လူတွေဟာ ကျန်တဲ့နေရာတွေမှာသာ သဘောထားတွေကွဲပြားချင် ကွဲပြားကြပါလိမ်မယ်။
မိမိရဲ့ စက်ပစ္စည်းတွေကိုတော့ ကောင်းစေချင် ၊ မြန်စေချင်ကြတဲ့နေရာမှာတော့ အတူတူပါပဲ။
အဲလို မြန်စေချင်တယ်ဆိုရင်တော့ အောက်ပါနည်းအတိုင်းပြုလုပ်ပြီး မိမိကွန်ပြူတာကို Window
အတတ်မြန်အောင် ဆောင်ရွက်ကြတာပေါ့ဗျာ။ သိပြီးသား သူတွေအတွက်တော့ Sorry ပါဗျာ။
၁) Star မှ Run (သို့) Winkey+R ကိုနှိပ်ပါ။
၂) regedit ရိုက်ထည့်ပြီး OK (သို့) Enter ခေါက်လိုက်ပါ။
၃) Registry Editor ဘောက်(စ်)ပွင့်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားလိုက်ပါ။
HKEY LOCAL _ MACHINE > SYSTEM > CurrentCo ntrolSet > Control > Session
Manager > Memory Management > Prefetch Parameters ကို Click လိုက်ပါ။
ညာဘက်တွင် Enable Prefetcher ကို ရှာပါ။ တွေ့ပါက Double Click နှိပ်ပါ။
Value Data တွင် 5 ပေးလိုက်ပါ။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ
မြန်လာပါလိမ့်မည်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ
ကျွန်တော်တို့ အသုံးပြုနေတဲ့ကွန်ပြူတာကို နဲနဲဖြစ်ဖြစ် ပိုမြန်သွားအောင် Speed မြှင့်ကြည့်ရ
အောင်ဗျာ။ ဒီအတိုင်း ထိုင်နေမဲ့အစား မိမိစက်လေး အနည်းငယ် ပိုမြန်လာတယ်ဆိုရင်ပဲ အရှုံးမရှိနိုင်
ပါဘူး။ သိပြီးသားသူတွေကတော့ ဒီပို့စ်ကို ကျော်သွားလိုက်ပါ။ စလိုက်ရအောင်......
ကိုအာကာ မေးထားတဲ့ အကြောင်းအရာလေးတစ်ခုပါ။ ကျွန်တော်တို့ Window စဖွင့်ဖွင့်ချင်း
မှာ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လေးတွေဟာ မကြာခဏ ဆိုသလို တတ်လာတတ်ကြပါတယ်။
အဲဒီ Box ကို မိမိကိုယ်တိုင်က အမှု့မဲ့ အမှတ်မဲ့သော်၎င်း ၊ မိမိမရှိတဲ့အချိန် အခြားသူတစ်ယောက်
က မသိ၍သော်၎င်း Yes (or) Ok နှိပ်မိလိုက်ရင် ဖရီးဗာရှင်းတွေမှာ ပြဿနာမရှိပေမဲ့ လိုင်စင်ဗား
ရှင်း ဆော့(ဖ်)ဝဲတွေမှာကြတော့ အရင်ထည့်ထားတဲ့ Key ပြုတ်သွားပြီး နောက်ထပ် License Key
၊ Serial Key တွေထပ်တောင်းရော။ အရင်ထည့်ပေးဖူးတဲ့ Key ကလဲ ဗားရှင်း မတူတဲ့အတွက်သုံး
လို့မရ ၊ လိုအပ်တဲ့ Key ကိုလဲ ဘယ်နေမှာသွားရှာရမှန်းမသိနဲ့ တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ်။
အဲဒီလိုမဖြစ်ရလေအောင် ကျွန်တော်တို့ ကြိုတင်ကာကွယ်ခြင်းခေါ်မလား ၊ အပျင်းထူခြင်းခေါ်မလား
မသိဘူး။ ကျွန်တော်တို့စက်ထဲမှာရှိတဲ့ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လုံးဝ တတ်မလာအောင်
ပိတ်ထားလိုက်မယ်ဗျာ။ ကဲ...စလိုက်ရအောင် start မှ run (သို့) window key+R တွဲနှိပ်လိုက်ပါ။
run box ထဲမှာ msconfig လို့ရေးပြီး ok (သို့) Enter ခေါက်လိုက်ပါ။ ပြီးရင် အောက်ကပုံမှာ ပြထား
တဲ့အတိုင်း တဆင့်ချင်းလိုက်လုပ်လိုက်ပါ။
အင်တာနက်ဆိုတာကို အခုမှစတင်ထိတွေ့သူတွေအတွက် Capture ဖမ်းပြီးရှင်းပြပေးခြင်းဖြစ်ပါ
သည်။ ပုံသေချာမမြင်ရရင် ပုံပေါ်ကိုကလစ်ပြီး အကြီးနဲ့ကြည့်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါ
စေ.....ဗျာ။
ကျွန်တော်လဲ ရေးမယ် ရေးမယ်နဲ့ မေ့မေ့ပြီး မရေးဖြစ်ခဲ့တဲ့ System Rating အကြောင်းလေးပါ။
ဆိုင်က အသစ်ဝယ်လာတဲ့စက်ပဲဖြစ်ဖြစ် ၊ သူများ Window တင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ဆီကိုရောက် လာတဲ့စက်တွေကို သတိထားကြည့်မိတော့ System Rating လုံးဝလုပ်မထားတာတွေတွေ့ရပါတယ်။ သတိမေ့ပြီးလုပ်မပေးလိုက်တာလား ၊ မသိလို့လုပ်မပေးလိုက်တာလားတော့မသိဘူးပေါ့လေ။ SystemRatingလုပ်မပေးထားတဲ့စက်တွေမှာ Ram Memoryအပြည့်အဝအလုပ်မလုပ်တာတို့ ၊ Graphic Memory အလုပ်မလုပ်တာတို့ ၊ Software တွေအလုပ်လုပ်တာ ပုံမှန်မဟုတ်တာတို့ အစရှိတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်SystemRatingကိုမဖြစ်မနေလုပ်ပေးဖို့လိုအပ်ပါတယ်။ ခဏ ခဏလဲ လုပ်ပေးနေစရာမလိုတဲ့အတွက် လအနည်းငယ်ကြာမှ တစ်ခါလောက်ပြန်ကြည့်ပေးပြီး Refresh ဆိုတဲ့စာကြောင်းလေးပေါ်လာမှ အဲဒီ Refresh ကိုနှိပ်ပြီး System Rating ကို
ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက System Rating လုပ်တော့မယ်ဆိုရင် Battery Power နဲ့မနိုင်တဲ့အတွက် Charger တပ်ထားပြီး Charger သွင်းနေရင်း SystemRatingလုပ်ရပါမယ်။ အဲဒါကိုတော့ အထူးသတိထားပေးပါ။ ပထမဆုံး မိမိစက် Rating လုပ်ပြီးပြီးလားဆိုတာသိရအောင်ကြည့်ဖို့အတွက် Computer ကို Right click ထောက်ပြီးအောက်ဆုံးက Properties ကို Click လိုက်ပါ။ System rating is not available ဆိုတဲ့စာကြောင်းရှိနေရင်တော့ မိမိစက်မှာ System Ratingမလုပ်ရသေးပါဘူး။ ဘာဆက်လုပ်ရမလဲဆိုတာ အောက်မှာ ကျွန်တော် Capture ဖမ်းပြီးရှင်းပြပေးထားပါတယ်။ ပုံသေးနေလို့မမြင်ရရင် ပုံကို Click ပြီးပုံအကြီးနဲ့ကြည့်လိုက်ပါ။မသိသေးသောသူများအတွက်သာ ရည်ရွယ်ပါသည်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။